
တံတားဦးလေဆိပ်ကို သွားတဲ့လမ်းဘေးမှာရှိတဲ့ နေကြာခင်းတွေထဲကို ၀င်ရိုက်ထားတာပါ။
ရှားရှားပါးပါး၊ ကံကောင်းလို့ရတာမဟုတ်ဘဲ စိတ်ထဲမှာကြိုပြီိးတွေးထားတဲ့အတိုင်း ရိုက်ဖြစ်သွားတဲ့ပုံပါပဲ။
နေကြာခင်းက ကြိုးတို့ကြဲတဲနဲ့ သိပ်မလှပါဘူး။ ဒါကြောင့် ကြည့်ရတာအဆင်ပြေသွားအောင် ကင်မရာကို နည်းနည်းနှိမ့်ပြီး နေကြာပွင့်တွေ တစ်ခုနဲ့တစ်ခု ထပ်သွားအောင် ရိုက်ထားတာဖြစ်ပါတယ်။
မှတ်မှတ်ရရ အပြန်လမ်းမှာ စဥ့်အိုးတွေအများကြီးကို ကယ်ရီယာပေါ်မှာတင်ပြီးသယ်လာကြတဲ့ စက်ဘီးတန်းကြီးနဲ့ တွေ့လိုက်ပေမယ့် Card ပြည့်သွားတာကြောင့် မရိုက်လိုက်ရပါဘူး။
No comments:
Post a Comment