Monday, April 16, 2007

The plant 1 & 2



21/5/2005

ဒီပုံနှစ်ပုံကိုတော့ နာမည်အတူတူပဲပေးထားပါတယ်။
ပျိုးပင် ၁ နဲ့ ၂ လို့ ပေးထားပါတယ်။
တံတားဦးဘက်ကိုကူးတဲ့မော်တော်ဆိပ်ကိုသွားတဲ့လမ်းဘေးမှာ မနက်စောစော သူငယ်ချင်းသုံးယောက်သွားရိုက်ထားတာပါ။
အဲဒီတုန်းက ကျွန်တော်ကိုင်တဲ့ကင်မရာက Fuji S7000 ဖြစ်ပါတယ်။
သူက Professional ကင်မရာမဟုတ်တဲ့အတွက် သူ့ရဲ့ Autofocus က သိပ်ကြီးမကောင်းပါဘူး။ တော်တော်လေးကြာပါတယ်။
အဲဒါနဲ့ပဲ Manual mode ပြောင်းပြီးရိုက်ပါတယ်။
သိပ်တော့မထူးပါဘူး။ ကြာတာပါပဲ။ ကံကြမ္မာရဲ့အကူအညီပါလို့သာ ပုံကဒီလောက် ကောင်းသွားတာပါ။

No comments: