
အညာတောင်သူ လို့ နာမည်ပေးထားတဲ့ ဒီပုံလေးကတော့ အခုတစ်ခေါက်ပုဂံကအပြန် ကျွန်တော်ရထားပေါ်ကနေ လှမ်းရိုက်ထားတဲ့ပုံဖြစ်ပါတယ်။
ပဲခင်းထဲမှာ ပေါင်းသင်နေတာ လို့ထင်တာပါပဲ။
(မှားနေရင်လည်း ပြင်ပေးကြပါဦး)
Original ပုံက Lighting အရရော Composition အရပါ သိပ်ပြီးတော့ ဆွဲဆောင်မှု မရှိပါဘူး။
ဒါနဲ့ပဲ ကျွန်တော်လိုချင်တဲ့ Inspiration မျိုးရအောင် ပြန်ပြီးပြင်ထားခြင်းဖြစ်ပါတယ်။
ဝေဖန်အကြံပေးကြပါဦး။
No comments:
Post a Comment