Sunday, April 8, 2007

Untitled


ဒီပုံကတော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတုန်းက အောင်ပင်လယ်ဘက်မှာ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သွားရိုက်ထားတဲ့ပုံပါ။
အဲဒီနေ့က အိပ်ယာထနောက်ကျလို့ ၆ နာရီခွဲလောက်ကျမှ အောင်ပင်လယ်ဘက်ကို ရောက်သွားခဲ့ပါတယ်။
မန္တလေးမြို့ထဲမှာ တော်တော်ကိုလင်းနေလို့ ကျွန်တော်လိုချင်တဲ့ မှုန်မှုန်မှိုင်းမှိုင်းပုံမျိုး မရလောက်တော့ဘူးလို့ ထင်နေတာပါ။
အောင်ပင်လယ်ရောက်တော့ ကျွန်တော်ထင်တာနဲ့ တလွဲစီဖြစ်နေခဲ့ပါတယ်။
မြူတွေအရမ်းကိုဆိုင်းနေပြီး ရှေ့ဘက်ခပ်လှမ်းလှမ်းဆိုရင်ကို ဘာမှကောင်းကောင်းမမြင်ရတော့ပါဘူး။
အဲဒီတော့မှ ကျွန်တော်ရိုက်မယ်ရိုက်မယ်ဆိုပြီး တေးမှတ်ထားတဲ့ တဲကလေးဆီကိုသွားပြီး ရိုက်ခဲ့တာပါ။

No comments: