
12/8/2006
ကျွန်တော့်ဦးလေးအငယ်ဆုံးနဲ့ သူ့ရဲ့သား ကျွန်တော့်တစ်ဝမ်းကွဲ ညီအငယ်ဆုံးရဲ့ပုံလေးပါ။
အဲဒီကောင်လေးကို သူ့အဖေက ထမင်းကျွေးနေတုန်း Lighting ကိုကြိုက်တာနဲ့ အခန်းထဲက ကင်မရာပြေးယူပြီး ရိုက်ထားတာပါ။
ပုံမှာမြင်ရတဲ့အတိုင်းပဲ သူ့ကိုကျွေးတဲ့ငါးခြောက်ဖုတ်ကို ကြောင်ကိုပြန်ပြီး ကျွေးနေပါတယ်။
ကျွန်တော့်ဦးလေးကတော့ ပဲပေးနေတာမဟုတ်ပါဘူး။
ဧည့်သည်တစ်ယောက်ကို လှမ်းပြီးပြုံးပြနေတာသာ ဖြစ်ပါကြောင်း။
No comments:
Post a Comment