Tuesday, April 17, 2007

Bagan Evening


2/3/2007

ကျွန်တော့်ရဲ့ ကင်မရာအသစ် Nikon D70s ၀ယ်ပြီးတော့မှ ပထမဆုံးရိုက်ဖြစ်တဲ့ပုံလို့ ပြောလို့ရပါတယ်။
ကျွန်တော်တို့ သူငယ်ချင်း ၆ ယောက် ပြီးခဲ့တဲ့လ ပုဂံကို သွားလည်တုန်းက ရိုက်ထားတာပါ။
(အမှန်ကတော့ ကျွန်တော်က ကင်မရာအသစ်ကြီးကို လက်တည့်စမ်းချင်လို့ ဒီကောင်တွေကို လိမ်ပြီးခေါ်သွားတာပါ)
Sunset ရိုက်ဖို့အတွက် ရွှေဆံတော်ကို စက်ဘီးနဲ့သွားကြတာ လမ်းတစ်ဝက်မှာတင်ပဲ Sun က set တော့မလိုလိုဖြစ်သွားတာနဲ့ နီးစပ်ရာ ဘုရားတစ်ခုပေါ်ကို (ဘာဘုရားလဲဆိုတာတောင် မေ့နေပါပြီ) အူယားဖားယားပြေးတက်ပြီး ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။
ပုံထဲမှာပါတဲ့ဘုရားကတော့ ဂေါဓောပလ္လင်ဘုရား လို့ ထင်တာပါပဲ။

No comments: