Monday, April 16, 2007

When left


ဒီပုံကိုတော့ ကျွန်တော် Final Part II မှာတုန်းက ရိုက်ထားတာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ စာကြည့်စားပွဲပေါ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို တွေ့ရပါလိမ့်မယ်။
(စာအုပ်တွေကလွဲလို့ပေါ့)
ဖယောင်းတိုင်မီး available light နဲ့ပဲရိုက်ထားတာပါ။
ပုံထဲမှာပါတဲ့ မီးခြစ်ကတော့ ကျွန်တော့်ရဲ့ညံ့ဖျင်းမှုကြောင့် သိပ်ပြီးမပေါ်ပါဘူး။
ညညစာစကျက်ပြီး ၁၅ မိနစ်လောက်ရှိပြီဆိုရင် ကျွန်တော်တို့သူငယ်ချင်းတွေ လက်ဘက်ရည်သောက်ထွက်တတ်ပါတယ်။
အဲဒီနေ့က လက်ဘက်ရည်သောက်ထွက်မယ်ဆိုပြီး အခန်းဝရောက်မှ ဖယောင်းတိုင်မငြှိမ်းရသေးလို့ ငြှိမ်းမယ်အလုပ် စားပွဲပေါ်ကပစ္စည်းလေးတွေကိုကြည့်ပြီး ရိုက်ချင်စိတ်ပေါက်သွားတာနဲ့ ရိုက်ဖြစ်သွားတာပါ။
ဒါကြောင့်မို့လည်း ပုံနာမည်ကို ချန်ခဲ့တဲ့အခါ လို့ ပေးထားပါတယ်။

No comments: