Thursday, December 20, 2007

Rice for rice


This is another example of the meaning "by chance". I wandered around the town this winter with my friend, Ko Chan and by chance, I got this photo. This is not a photo of techni-colors or the photo of composition. This is the photo of meaning. Maybe you will not agree with me, but this is what it is.

Tree In The Field



Sunday, November 18, 2007

Half-open Window

In the arms


They have to embrace the flowers. But now, they are embraced by the cobweb. Thats the feeling.

The Light and The Dark


I am really not in the mood of talking about the photos. Well lets just say maybe you can feel the demarcation of light and dark in this picture.

Two Pigeons

Just the two pigeons resting together at my window.

Waves



Saturday, August 25, 2007

Caught (Hitch 2)

You'll remember the first photo, "Hitch".
Well, I took this photo with the same inspiration as I did for the former one.
So, the name"Hitch 2" is given.

Thursday, August 16, 2007

Ladder Against The Wall



At a glance 2


Just my old photo taken from Mandalay Hill to the east.
Photoshoped again a little for color correction.
Not so bad, huh?

The Pigeons



Sometimes, I am quite bored with thinking of names.
As a result, this coupled-photo got the name “The Pigeons”.

The Fall


Taken in 13/6/07

Form 1


Taken in 20/7/07
ဘာမှမဟုတ်ပါဘူး။
တစ်ခါတစ်လေ၊ ပုံစံကလေးတွေကို ရိုက်ချင်စိတ် ပေါက်လာတာနဲ့ ရိုက်ကြည့်တာပါ။
နောက်ထပ်လည်း ဆက်ရိုက်ဦးမှာပါ။
အခုတလောတော့ သိပ်ကြီးမအားတာရော၊ ပျင်းတာရော Outdoor မရိုက်ဖြစ်ပါဘူး။
ဒါကြောင့် အိမ်နားတစ်ဝိုက်ပဲ လှည့်ရိုက်ဖြစ်နေပါတယ်။

Thursday, April 19, 2007

Untitled(2)


Sometimes, you’ll feel like that.
But, the sunshine is nearby.

The Smoker



You and me



Journey in the dirt




ဒီပုံကလည်း ကျွန်တော် ပြဿဒါးဘုရားပေါ်ကနေ လှမ်းရိုက်ထားတာပါပဲ။
Sunset သွားရိုက်မယ်ဆိုပြီး ကျွန်တော်တို့သူငယ်ချင်းခြောက်ယောက် စက်ဘီးနဲ့ Hotel ကနေ ထွက်လာခဲ့ပါတယ်။
ဒီတစ်ခေါက်တော့ အရင်နေ့ကလိုနောက်မကျအောင် ခပ်စောစောလေးထွက်လာလိုက်တာ ဘုရားအရောက်နဲ့ Sunset ကွက်တိလောက်ပါပဲ။
ဘုရားပေါ်ရောက်၊ ကင်မရာတွေဘာတွေဆင်ပြီး ကြည့်လိုက်မိခါမှပဲ ပြဿဒါးဘုရားဟာ Bagan scene ရိုက်လို့ လုံးဝမကောင်းပါလားဆိုတာ သိလိုက်ရတာပဲဗျာ။
နေလုံးကတစ်ခြား (အနောက်တောင်ဘက်လောက်မှာရှိပြီး)၊ Scenic ဖြစ်တဲ့ ရှုခင်းတွေကတစ်ခြား (အနောက်မြောက်ဘက်လောက်မှာရှိပါတယ်)၊ ဘုရားက အဲဒီနှစ်ခုရဲ့ အလယ်တည့်တည့်လောက်မှာ သွားကျပါတယ်။
တစ်ခုကိုပါအောင်ရိုက်ရင် နောက်တစ်ခုပါဖို့က လုံးဝမဖြစ်နိုင်ပါဘူး။
ဒါနဲ့ပဲ၊ ကဲ….ငါတော့သွားပါပြီဆိုပြီး စိတ်ပျက်လက်ပျက်နဲ့မှိုင်နေတုန်း၊ အခုပုံထဲမှာပါတဲ့နွားလှည်းတွေဘုရားဘက်ကို မောင်းလာတာတွေ့ရတာပါပဲ။
လှည်းက အစီး ၂၀ လောက်ရှိမယ်ထင်ပါတယ်။
Tourists တွေကိုတင်လာတာပါ။ Tour Company တစ်ခုခုကစီစဉ်ပေးတာထင်ပါတယ်။
ဟား . . . . . . ဘာပြောကောင်းမလဲ၊ ကင်မရာကို Tripod ပေါ်တင်ပြီး စိမ်ပြေနပြေုရိုက်ချလိုက်တာ၊ ပုံသုံးလေးဆယ်လောက်ကိုရပါတယ်။
အဲဒီထဲကမှ ဒီပုံက အကောင်းဆုံးလို့ထင်ရတဲ့ပုံပါ။
ရှေ့ဆုံးကလှည်းတွေကို ဖြတ်ပြီးရိုက်ထားတဲ့ပုံဖြစ်ပါတယ်။

Bagan



3/3/2007
It’s a simple name; Bagan.
And its also simply very elegant.
If someone asked me in which place I would like to spend most of the time tasting natural beauty, I would give my answer without any hesitation its Bagan my friend.
What about you?

Ah-nyar taung-thu (Midland Farmer)


အညာတောင်သူ လို့ နာမည်ပေးထားတဲ့ ဒီပုံလေးကတော့ အခုတစ်ခေါက်ပုဂံကအပြန် ကျွန်တော်ရထားပေါ်ကနေ လှမ်းရိုက်ထားတဲ့ပုံဖြစ်ပါတယ်။
ပဲခင်းထဲမှာ ပေါင်းသင်နေတာ လို့ထင်တာပါပဲ။
(မှားနေရင်လည်း ပြင်ပေးကြပါဦး)
Original ပုံက Lighting အရရော Composition အရပါ သိပ်ပြီးတော့ ဆွဲဆောင်မှု မရှိပါဘူး။
ဒါနဲ့ပဲ ကျွန်တော်လိုချင်တဲ့ Inspiration မျိုးရအောင် ပြန်ပြီးပြင်ထားခြင်းဖြစ်ပါတယ်။
ဝေဖန်အကြံပေးကြပါဦး။

Bagan Morning


This was taken on our way to Ayeyarwady River Bank form the pony-cart.
So, it’s a little bit shaken and somewhat grainy.
Apart from that, it’s one of my favy.
I’m sure you can feel the cool breeze, warm sunlight, stunning and very peaceful environment of Bagan (or Myanmar) out of this photo.

Aren't we all?


3/3/2007
One is a clown.
One is a monster.
One is a prince.
And… one is a priest.
But………… all are puppets.
Aren’t we all?
Taken during Bagan Trip.

Wednesday, April 18, 2007

Walking in the evening 1 & 2



3/3/2007
ပုဂံ Trip တုန်းက ပြဿဒါး(ပြဿကြီး)ဘုရားပေါ်ကနေ ရိုက်ထားတာပါ။
ဆင်ပြီးတော့ ရိုက်ထားတာ မဟုတ်ပါဘူး။
ကျွန်တော်ကဆင်ပြီးရိုက်တာ ၀ါသနာမပါဘူး။(မည်သူ့ကိုမှ မရည်ရွယ်ပါ)
ပုံတွေက သိပ်အကောင်းကြီးမဟုတ်ပေမယ့် ကြုံတောင့်ကြုံခဲလေးမို့ တင်ထားတာပါ။
ညနေတစ်ခင်းလမ်းလျှောက်ထွက်ခြင်း လို့ နာမည်ပေးထားပါတယ်။

Tuesday, April 17, 2007

Reflection


3/3/2007

တန့်ကြည့်တောင်ကိုအသွား မော်တော်ပေါ်ကနေ လှမ်းပြီးဆွဲထားတဲ့ပုံပါ။
Exposure နည်းနည်းတင်ပြီး Photoshopping လည်း နည်းနည်းတော့ လုပ်ထားပါတယ်။
ရောင်ပြန် လို့ အမည်ရပါတယ်။

Bagan Evening


2/3/2007

ကျွန်တော့်ရဲ့ ကင်မရာအသစ် Nikon D70s ၀ယ်ပြီးတော့မှ ပထမဆုံးရိုက်ဖြစ်တဲ့ပုံလို့ ပြောလို့ရပါတယ်။
ကျွန်တော်တို့ သူငယ်ချင်း ၆ ယောက် ပြီးခဲ့တဲ့လ ပုဂံကို သွားလည်တုန်းက ရိုက်ထားတာပါ။
(အမှန်ကတော့ ကျွန်တော်က ကင်မရာအသစ်ကြီးကို လက်တည့်စမ်းချင်လို့ ဒီကောင်တွေကို လိမ်ပြီးခေါ်သွားတာပါ)
Sunset ရိုက်ဖို့အတွက် ရွှေဆံတော်ကို စက်ဘီးနဲ့သွားကြတာ လမ်းတစ်ဝက်မှာတင်ပဲ Sun က set တော့မလိုလိုဖြစ်သွားတာနဲ့ နီးစပ်ရာ ဘုရားတစ်ခုပေါ်ကို (ဘာဘုရားလဲဆိုတာတောင် မေ့နေပါပြီ) အူယားဖားယားပြေးတက်ပြီး ရိုက်ထားတဲ့ပုံဖြစ်ပါတယ်။
ပုံထဲမှာပါတဲ့ဘုရားကတော့ ဂေါဓောပလ္လင်ဘုရား လို့ ထင်တာပါပဲ။

Monday, April 16, 2007

My Moon


ငါ့ရဲ့လ လို့နာမည်ပေးထားတဲ့ ဒီပုံကတော့ ကျွန်တော့်အကြိုက်ဆုံးပုံတွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။
Original ပုံက ဘယ်နားမှာသွားရိုက်ထားလဲဆိုတာတော့ သိကြမယ်ထင်ပါတယ်။
ခရမ်းရောင်သမ်းနေတဲ့ လမင်းကြီး ခံစားလို့ ရကြမှာပါ။

Working early in the morning


5/11/2005
အောင်ပင်လယ်ဘက် မနက်စောစော ကျွန်တော်တစ်ယောက်တည်းသွားရိုက်ထားတာပါ။
ကောင်လေးက အမှိုက်တွေကို မီးရှို့နေတာလို့ ထင်ပါတယ်။
အစတုန်းက သူ့ဘာသာသူ ဟိုဘက်နားက အမှိုက်တွေကိုသယ်လိုက်၊ ဒီဘက်မှာ မီးလာရှို့လိုက် လုပ်နေတာပါ။
ကျွန်တော့်ကို မြင်တော့မှ မီးပုံဘေးမှာ ငူငူကြီးရပ်ပြီး ဒီပုံဖြစ်သွားတာပါ။
ဘာပဲဖြစ်ဖြစ် Lighting ကကောင်းတော့ ပုံလေးကလည်း အတော်ကောင်းသွားပါတယ်။

Lay Lay Zaw and Nyi Lay


12/8/2006
ကျွန်တော့်ဦးလေးအငယ်ဆုံးနဲ့ သူ့ရဲ့သား ကျွန်တော့်တစ်ဝမ်းကွဲ ညီအငယ်ဆုံးရဲ့ပုံလေးပါ။

အဲဒီကောင်လေးကို သူ့အဖေက ထမင်းကျွေးနေတုန်း Lighting ကိုကြိုက်တာနဲ့ အခန်းထဲက ကင်မရာပြေးယူပြီး ရိုက်ထားတာပါ။

ပုံမှာမြင်ရတဲ့အတိုင်းပဲ သူ့ကိုကျွေးတဲ့ငါးခြောက်ဖုတ်ကို ကြောင်ကိုပြန်ပြီး ကျွေးနေပါတယ်။

ကျွန်တော့်ဦးလေးကတော့ ပဲပေးနေတာမဟုတ်ပါဘူး။

ဧည့်သည်တစ်ယောက်ကို လှမ်းပြီးပြုံးပြနေတာသာ ဖြစ်ပါကြောင်း။

When left


ဒီပုံကိုတော့ ကျွန်တော် Final Part II မှာတုန်းက ရိုက်ထားတာဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ စာကြည့်စားပွဲပေါ်မှာရှိတတ်တဲ့ ပစ္စည်းလေးတွေကို တွေ့ရပါလိမ့်မယ်။
(စာအုပ်တွေကလွဲလို့ပေါ့)
ဖယောင်းတိုင်မီး available light နဲ့ပဲရိုက်ထားတာပါ။
ပုံထဲမှာပါတဲ့ မီးခြစ်ကတော့ ကျွန်တော့်ရဲ့ညံ့ဖျင်းမှုကြောင့် သိပ်ပြီးမပေါ်ပါဘူး။
ညညစာစကျက်ပြီး ၁၅ မိနစ်လောက်ရှိပြီဆိုရင် ကျွန်တော်တို့သူငယ်ချင်းတွေ လက်ဘက်ရည်သောက်ထွက်တတ်ပါတယ်။
အဲဒီနေ့က လက်ဘက်ရည်သောက်ထွက်မယ်ဆိုပြီး အခန်းဝရောက်မှ ဖယောင်းတိုင်မငြှိမ်းရသေးလို့ ငြှိမ်းမယ်အလုပ် စားပွဲပေါ်ကပစ္စည်းလေးတွေကိုကြည့်ပြီး ရိုက်ချင်စိတ်ပေါက်သွားတာနဲ့ ရိုက်ဖြစ်သွားတာပါ။
ဒါကြောင့်မို့လည်း ပုံနာမည်ကို ချန်ခဲ့တဲ့အခါ လို့ ပေးထားပါတယ်။

The sister


17/6/2005
This was taken on the way to Ye-ta-gon-taung.

I gave the name ‘The sister’

Well, it’s one of the photos I like best.

Waiting


This is one of my favourite digital images.
The name is ‘Waiting’.
The photo was taken near my window.
Well, can it be your favourite?
Let’s have a look.

The plant 1 & 2



21/5/2005

ဒီပုံနှစ်ပုံကိုတော့ နာမည်အတူတူပဲပေးထားပါတယ်။
ပျိုးပင် ၁ နဲ့ ၂ လို့ ပေးထားပါတယ်။
တံတားဦးဘက်ကိုကူးတဲ့မော်တော်ဆိပ်ကိုသွားတဲ့လမ်းဘေးမှာ မနက်စောစော သူငယ်ချင်းသုံးယောက်သွားရိုက်ထားတာပါ။
အဲဒီတုန်းက ကျွန်တော်ကိုင်တဲ့ကင်မရာက Fuji S7000 ဖြစ်ပါတယ်။
သူက Professional ကင်မရာမဟုတ်တဲ့အတွက် သူ့ရဲ့ Autofocus က သိပ်ကြီးမကောင်းပါဘူး။ တော်တော်လေးကြာပါတယ်။
အဲဒါနဲ့ပဲ Manual mode ပြောင်းပြီးရိုက်ပါတယ်။
သိပ်တော့မထူးပါဘူး။ ကြာတာပါပဲ။ ကံကြမ္မာရဲ့အကူအညီပါလို့သာ ပုံကဒီလောက် ကောင်းသွားတာပါ။

Sunset over pagoda



21/5/2005

ဒါကတော့ ကျွန်တော် အလင်းရောင်ကို Against ခံရိုက်တာ လက်တွေ့နေတဲ့ အချိန်တွေတုန်းက ကုသိုလ်တော်မှာ သွားရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။
ညနေပိုင်းမှာ ကျွန်တော်တစ်ယောက်တည်း အတွဲတွေကြားမှာ စွန့်စွန့်စားစား သွားရိုက်ထားရတာလည်းဖြစ်ပါတယ်။

Lonely bird


23/4/2005

ထူးအိမ်သင်ရဲ့ သီချင်းနာမည် သင်းကွဲငှက် လို့ပဲ အမည်ပေးလိုက်ပါမယ်။
ကျွန်တော့်အိမ်ခေါင်မိုးပေါ်ကနေ တက်ပြီးရိုက်ထားတာပါ။
အဲဒီနေ့ညနေ ကျောင်းကနေအိမ်ကိုပြန်တဲ့လမ်း မီးပွိုင့်မှာရပ်နေတုန်း အနောက်ဘက်ကောင်းကင်မှာ ပုံထဲကအတိုင်း အလင်းတွေပေါက်ကျနေတာကို တွေ့လိုက်ရပါတယ်။
ဒါနဲ့ အိမ်ကိုအမြန်မောင်း၊ အခန်းထဲကကင်မရာအမြန်ယူ၊ ခေါင်မိုးပေါ်တက်ပြီး ရိုက်ထားတာပါ။

Ko Chan


ဒါကတော့ ကျွန်တော်ဓာတ်ပုံရိုက်ထွက်တဲ့အခါတိုင်း မငြီးမငြူ အမြဲတမ်းလိုလို လိုက်ပြီးကူညီတဲ့ ကျွန်တော့်သူငယ်ချင်း ကိုချမ်းရဲ့ပုံပါ။
ကျွန်တော်ရိုက်ခဲ့တဲ့ ပုံတော်တော်များများဟာ သူ့ရဲ့အကူအညီမပါပဲ ဖြစ်လာနိုင်စရာမရှိပါဘူး။

Hitch


Hitch ဆိုတဲ့စကားလုံးကို ကြားဖူးကြမလားမသိဘူး။
အရာဝတ္ထု တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတယ်ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။
အခု ဒီ Hitch လို့နာမည်ပေးထာုးတဲ့ပုံကတော့ ဟိုးအရင်ခေတ်တုန်းကသုံးတဲ့ ပြတင်းပေါက်ချိတ်ကလေးကို ရိုက်ထားတာပါ။
တော်တော့်ကို ဝေးဝေးလံလံ သွားရှာပြီး ရိုက်ထားတာလို့ပြောရပါမယ်။
ဘာလို့လဲဆိုတော့ အဲဒီပြတင်းပေါက်က ကျွန်တော့်အိပ်ရာခေါင်းရင်းက ပြတင်းပေါက်ဖြစ်လို့ပါပဲ။

Village on the water


ရေပေါ်ကရွာကလေးလို့ နာမည်ပေးထားပါတယ်။
ဘယ်မှာရိုက်ထားတယ်ဆိုတာတော့ ပြောမပြတော့ပါဘူး။
Contrast နည်းနည်းတင်ပြီး စိတ်ကူးရသလို Photoshopping ပြန်လုပ်ထားပါတယ်။
(ကောင်းတယ်ဆိုးတယ် အကြံပေးကြပါဦး)

Yellow field


တံတားဦးလေဆိပ်ကို သွားတဲ့လမ်းဘေးမှာရှိတဲ့ နေကြာခင်းတွေထဲကို ၀င်ရိုက်ထားတာပါ။
ရှားရှားပါးပါး၊ ကံကောင်းလို့ရတာမဟုတ်ဘဲ စိတ်ထဲမှာကြိုပြီိးတွေးထားတဲ့အတိုင်း ရိုက်ဖြစ်သွားတဲ့ပုံပါပဲ။
နေကြာခင်းက ကြိုးတို့ကြဲတဲနဲ့ သိပ်မလှပါဘူး။ ဒါကြောင့် ကြည့်ရတာအဆင်ပြေသွားအောင် ကင်မရာကို နည်းနည်းနှိမ့်ပြီး နေကြာပွင့်တွေ တစ်ခုနဲ့တစ်ခု ထပ်သွားအောင် ရိုက်ထားတာဖြစ်ပါတယ်။
မှတ်မှတ်ရရ အပြန်လမ်းမှာ စဥ့်အိုးတွေအများကြီးကို ကယ်ရီယာပေါ်မှာတင်ပြီးသယ်လာကြတဲ့ စက်ဘီးတန်းကြီးနဲ့ တွေ့လိုက်ပေမယ့် Card ပြည့်သွားတာကြောင့် မရိုက်လိုက်ရပါဘူး။

The flower


အိမ်မှာတင်ပဲ ဆင်ပြီးရိုက်ထားတဲ့ပုံပါ။
ပန်းကလေးလို့ နာမည်ပေးထားပါတယ်။
(ပန်းထည့်ထားတဲ့ခွက်က သပိတ်မဟုတ်ပါဘူး၊ ဆေးလိပ်ပြာခွက်ဖြစ်ပါတယ်။ ပုံကို ကြည့်ပြီးတဲ့လူတိုင်းက မေးလွန်းလို့ ပြောရတာပါ။)

The guard's hut


ဒီပုံကတော့ အောက်ကပုံ မရိုက်ရသေးခင် လယ်စောင့်တဲလေးကို နေလုံးနဲ့ Against ခံပြီး ရိုက်ထားတဲ့ပုံပါ။

သူလည်း တမျိုးတော့ ကြည့်ကောင်းတယ် ထင်ပါတယ်။

Sunday, April 8, 2007

Returning Home


ကံကောင်းလို့ရခဲ့တဲ့ နောက်တစ်ပုံပါပဲ။
ရှမ်းလေးကျွန်းဘက်မှာ သွားရိုက်ထားတာပါ။
အဲဒီနေ့က ဓာတ်ပုံရိုက်မယ်ဆိုပြီး ရှမ်းလေးကျွန်းဘက်ကို တစ်ယောက်တည်းသွားပြီး ရိုက်စရာရှာခဲ့ပါတယ်။
နေတော်တော်လေးကျလာတဲ့အထိကို ရိုက်စရာ Subject က ရှာလို့မရခဲ့ပါဘူး။
တိမ်တွေနဲ့နေလုံးကြီးက ရိုက်လို့ကောင်းနေပါရက်နဲ့ Subject မရှိလို့ မရိုက်တော့ပါဘူးဆိုပြီး စိတ်ပျက်ပျက်နဲ့ ထွက်လာခဲ့တာ ဆိုင်ကယ်ပေါ်ရောက်တဲ့အချိန်ကျမှ တံငါသည်နှစ်ယောက် လှေသိမ်းလာတာနဲ့ ကြုံသွားတာပါ။
ဒါနဲ့ပဲ ဆိုင်ကယ်ပေါ်က အမြန်ပြေးဆင်း၊ အိတ်ထဲက ကင်မရာကို ကမန်းကတန်းထုတ်ပြီး ပြီးစလွယ်ရိုက်လိုက်ရပါတယ်။
လှမ်းခေါ်လို့ ကြားလောက်တဲ့ အကွာအဝေးမဟုတ်တော့ နောက်တစ်ခေါက် ပြန်လျှောက်ခိုင်းဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အနေအထားပါပဲ။
အိမ်ပြန်ရောက်လို့ ကြည့်တော့မှ ပုံလေးက နည်းနည်းကောင်းနေတာတွေ့လိုက်ရပါတော့တယ်။

Ready to work


ဒီပုံကတော့ ဘာမှမဟုတ်ပါဘူး။
လှေဖင်ကလေးတွေ တန်းစီပြီးထောင်နေတာတွေ့လို့ လှတာနဲ့ ရိုက်ထားလိုက်တာပါ။
တောင်သမန်အင်းမှာ ဖြစ်ပါတယ်။

Untitled


ဒီပုံကတော့ ၂၀၀၅ ခုနှစ် နိုဝင်ဘာလတုန်းက အောင်ပင်လယ်ဘက်မှာ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် သွားရိုက်ထားတဲ့ပုံပါ။
အဲဒီနေ့က အိပ်ယာထနောက်ကျလို့ ၆ နာရီခွဲလောက်ကျမှ အောင်ပင်လယ်ဘက်ကို ရောက်သွားခဲ့ပါတယ်။
မန္တလေးမြို့ထဲမှာ တော်တော်ကိုလင်းနေလို့ ကျွန်တော်လိုချင်တဲ့ မှုန်မှုန်မှိုင်းမှိုင်းပုံမျိုး မရလောက်တော့ဘူးလို့ ထင်နေတာပါ။
အောင်ပင်လယ်ရောက်တော့ ကျွန်တော်ထင်တာနဲ့ တလွဲစီဖြစ်နေခဲ့ပါတယ်။
မြူတွေအရမ်းကိုဆိုင်းနေပြီး ရှေ့ဘက်ခပ်လှမ်းလှမ်းဆိုရင်ကို ဘာမှကောင်းကောင်းမမြင်ရတော့ပါဘူး။
အဲဒီတော့မှ ကျွန်တော်ရိုက်မယ်ရိုက်မယ်ဆိုပြီး တေးမှတ်ထားတဲ့ တဲကလေးဆီကိုသွားပြီး ရိုက်ခဲ့တာပါ။

Cracky


အားလုံးကို စိတ်ခိုင်မခိုင် စမ်းချင်တဲ့အတွက် ဒီပုံကို တင်လိုက်ရခြင်းဖြစ်ပါတယ်။
အရင် Blog တုန်းက တင်ထားခဲ့တဲ့ပုံကိုပဲ ပိုပြီးအသက်ဝင်သွားအောင် Photoshopping လုပ်ထားတာပါ။
ဒီလိုပုံမျိုးဆိုတာ ဘယ်လောက်ပဲကိုယ်ကလုပ်ချင်တယ်ဆိုဦး၊ နဂိုအခံကောင်းတဲ့ Model မျိုးရှိမှ လုပ်လို့ရပါလားဆိုတာကို သိသွားစေချင်လို့ပါ။
(Just kidding Ko Phone)

Friday, April 6, 2007

In my eyes


ဒီပုံကတော့ ကျွန်တော်စိတ်ချမ်းသာနေတဲ့နေ့မှာ ခံစားရတဲ့အတိုင်း ဆွဲထားတဲ့ပုံပါ။
ဒါကြောင့် မျက်လုံးထဲမှာ လို့ နာမည်ပေးထားပါတယ်။

Mr. Handsome


ဒီပုံကတော့ အားလုံးမျှော်လင့်တောင့်တနေတဲ့ ဆရာကြီးရဲ့ပုံပေါ့ခင်ဗျာ။
ချောတယ်နော်။

The Family


29/5/2005
I bought my first camera in May, 2005 and gave her the name 'Jenny'.
As far as I can remember, this is one of the very first photos I took with Jenny.
Well, for a beginner like me that time, I think it is not so bad, huh!
The place is at Kywe Zun.
The two people on the bank were washing their clothes, and their son was swimming.
They lived in the hut at the left side of the picture.
I made the picture quite grainy to look more emotional.



Thursday, April 5, 2007

Playing in the mud


Taken on 21/8/2005
'Playing in the mud' is one of my earliest photos.
I don't know what kind of game the two boys were playing but they surely were playing in the mud.
(Within next 2 minutes, they stopped playing and kept staring at me till I left)
This photo was taken near Ayeyarwady River Bank(Mandalay side) where many poor people lived.
So, the two boys must be members of those families.
The original color of this photo was quite boring (to my eyes) so I made some color changes with Photoshop and finally got the color range that I was starving.
Though it is one of my earliest works, I still have appetite for this picture and I am quite sure you all will be the same.