Sunday, April 8, 2007

Returning Home


ကံကောင်းလို့ရခဲ့တဲ့ နောက်တစ်ပုံပါပဲ။
ရှမ်းလေးကျွန်းဘက်မှာ သွားရိုက်ထားတာပါ။
အဲဒီနေ့က ဓာတ်ပုံရိုက်မယ်ဆိုပြီး ရှမ်းလေးကျွန်းဘက်ကို တစ်ယောက်တည်းသွားပြီး ရိုက်စရာရှာခဲ့ပါတယ်။
နေတော်တော်လေးကျလာတဲ့အထိကို ရိုက်စရာ Subject က ရှာလို့မရခဲ့ပါဘူး။
တိမ်တွေနဲ့နေလုံးကြီးက ရိုက်လို့ကောင်းနေပါရက်နဲ့ Subject မရှိလို့ မရိုက်တော့ပါဘူးဆိုပြီး စိတ်ပျက်ပျက်နဲ့ ထွက်လာခဲ့တာ ဆိုင်ကယ်ပေါ်ရောက်တဲ့အချိန်ကျမှ တံငါသည်နှစ်ယောက် လှေသိမ်းလာတာနဲ့ ကြုံသွားတာပါ။
ဒါနဲ့ပဲ ဆိုင်ကယ်ပေါ်က အမြန်ပြေးဆင်း၊ အိတ်ထဲက ကင်မရာကို ကမန်းကတန်းထုတ်ပြီး ပြီးစလွယ်ရိုက်လိုက်ရပါတယ်။
လှမ်းခေါ်လို့ ကြားလောက်တဲ့ အကွာအဝေးမဟုတ်တော့ နောက်တစ်ခေါက် ပြန်လျှောက်ခိုင်းဖို့ဆိုတာလည်း မဖြစ်နိုင်တဲ့ အနေအထားပါပဲ။
အိမ်ပြန်ရောက်လို့ ကြည့်တော့မှ ပုံလေးက နည်းနည်းကောင်းနေတာတွေ့လိုက်ရပါတော့တယ်။

1 comment:

TKG said...

well capture & composition.
sillhotte work well.