
ကဲ..... အားလုံးပဲ ကျွန်တော့်ကို ဘိုရူးကြီးလို့ ထင်နေမှာစိုးလို့ မြန်မာလို ရေးလိုက်ပြီနော်။
ဒီပုံလေးကို ၁၊၁၊၂၀၀၆ နယူးရီးယား မနက်ကြီးမှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်း ဟန်ဝင်း တောင်သမန်အင်းမှာ သွားရိုက်ထားတာပါ။
မနက်စောစော ၅ ခွဲလောက် အိမ်ကနေကားနဲ့ထွက်ပြီး ဟိုရောက်တော့ ငှက်တစ်စင်းငှားပြီး အင်းထဲလျှောက်သွားကြတာပေါ့။
ဘာပုံရိုက်မယ်ဆိုတာ စိတ်ထဲမှာစဉ်းစားထားတာမရှိဘဲနဲ့ ငှက်သမားခတ်တဲ့ဆီကိုဘဲ လိုက်သွားကြပါတယ်။
အင်းအလယ်လောက်ရောက်တော့မှ မနက်စောစော ပိုက်ထောင်ထားတာလာကြည့်တဲ့ ပုံထဲက တံငါသည်နှစ်ယောက်ကို အမှတ်မထင်တွေ့လိုက်ရပါတယ်။
ဒါနဲ့ပဲ ငှက်ကို အဲဒီဘက်လှော်ခိုင်းပြီး ဦးပိန်တံတားကို နောက်ခံထားရိုက်ခဲ့ပါတယ်။
ပုံကိုကြည့်ရင် မျဉ်းမတ်နဲ့ မျဉ်းလှဲတွေကို အဓိကတွေ့နိုင်ပါတယ်။
ဒါကြောင့်လည်း ပုံနာမည်ကို Horizontal Vertical လို့ပေးခဲ့တာပါ။
No comments:
Post a Comment